Thursday, March 3, 2016

လွမ်းမျက်​ရည်​သီ ​ကြွေဦးမည်​...

ဖော်ဝေး နှလုံးသား
❀ ❀ ❀ ❀ ❀ ❀

ရေမြေရပ်ခြား တိုင်းတပါးသို့
လုပ်အားကြိုးကုပ် ရင်နှီးလုပ်ဖို့
ဆုတ်ခွာဋ္ဌာနေ ကြာလေပြီး....

ကျေးဇူးတော်ရှင် မိဖခင်နှင့်
အစ်ကို နှမ သတိရလို့
မှန်းဆငယ်ဖော် မမေ့သော်...

ရင်ခုန်ကိုယ်စီ ထပ်တူညီတဲ့
ချစ်ဦးကိုလည်း ချစ်ကြင်သည်သည်း
လွမ်းနေမြဲ....

သြော်...ကြံမ္မာမီးပွုင့် နီပြရပ်မို့
အိမ်ပြန်ချိန်တော့ နောက်ကျမည်
လွမ်းမျက်ရည်သီး ကြွေဦးမည်...

ဂျွန်နေသာ (jnt)

Wednesday, March 2, 2016

.သူမရှိတဲ့​နေ့​တွေဆို....

" သူ မရှိတဲ့နေ့တွေဆို "

သူ ...မရှိတဲ့နေ့တွေဆို...
ကောင်းကင်မှာ ကြယ်ဘယ်လိုလင်းလင်း
ရင်ထဲမှာတော့ အမှောင်ချဉ်း...

သူ ...မရှိတဲ့နေ့တွေဆို
ငှက်ကလေးတွေ တေးဘယ်လိုဆိုဆို...
မျက်ဝန်းအိမ်ထဲ မျက်ရည်ယို...

သူ ...မရှိတဲ့နေ့တွေဆို
ပန်းပွင့်လေးတွေ ဘယ်လိုပွင့်ပွင့်
အသဲနွမ်းလို့ လွမ်းဆိပ်သင့်...

သူ ...မရှိတဲ့နေ့တွေဆို
မပိုပါဘူး  ဘုရားစူးစေ
ရွှင်မြူးမပျော်  တစ်မျှော်မျှော်နှင့်
အော်ခေါ်တမ်းယောင်  ဥသြမောင်လို
ငေးငေါင်မစဲ မရွှင်သဲနှင့်
ရင်ကွဲမတတ် လွမ်းရတယ်...။     ။

စိတ္တဇအလွမ်း( ဖောင်ကြီး )

အရမ်းကြိုက်​တယ်​ က​ဗျာ​လေးပါ

#သူ  သိပါစေ "
=========================
ချစ်သူ...

မင်းအတွက်

ခွင့်လွှတ်ခြင်းသစ်သီးတွေ

မချူဘဲကြွေကျ။

နားလည်မှုပန်းပွင့်တွေ

ရနံ့ခြွေမြေခ

ရွှေချထားလောက်တဲ့ငါ့နှလုံးသား

အရှုံးများစွာကိုခဝါချ

အမုန်းတရားပြာကျ

ထာဝရချစ်ခြင်း

အပြစ်ကင်းပါတယ်နော်။ ။

မျိုးနိုင်(တန့်ဆည်)

Sunday, February 28, 2016

က​ဗျာပန်းခင်းမှ ဆရာ ​ကျော်​နိုင်​(ပခုက္ကူ)ရဲ့လက်​ရာ "လူပျိုဟိုင်း"က​ဗျာ​လေးပါ

*လူပျိုဟိုင်း*
❀ ❀ ❀ ❀
*သိက္ခာတော် သမာဓိနှင့်၊
ိ အရွယ်ကြည့် အကွာ၊
ကညာမိ မဟဝှါကို၊
ကျနေရှာ စိတ်ထဲ။
*ခုဘဝ ပေါင်းရစေ
တောင်းရပေ ဆုကြိမ်ကြိမ်ပဲ။
*စိပ်ပုတီး တစ်တောင်ထွာကို၊
ဆောင်သဗျာ အမြဲ။
အောင်ဇေယျာ နိမိတ်ခဲလို့၊
အတိတ်လဲ သူယုံ။
*ဣနြေ္ဒ ဆယ်လျက်ကယ်နှင့်၊
တကယ်ရှက် စိတ်တဲ့မလုံ။
*တစ်ဘက်သတ် သူ့ဖြစ်ပုံမှာ၊
အချိန်ကုန် အသက်ကြီးလို့၊
ဆက်ခရီး မှီးစရာ၊
ဘိုးဘွားရိပ်သာ။
*ကြိုးစားရင်း မယ်ကညာမှာ၊
ရွယ်တူရာ ပါသွားပေါ့လေး။       ။
                      ကျော်နိုင်(ပခုက္ကူ)

"သက္ကရာဇ်တိုက်စားသော်လည်း မပြိုလဲခဲ့ရသောအမှတ်တရများ"

"သက္ကရာဇ်တိုက်စားသော်လည်း မပြိုလဲခဲ့ရသောအမှတ်တရများ"

မျက်နှာပျက်စရာ မလိုပါဘူးမေမေ
သားမဖတ်လိုက်ရတဲ့ စာအုပ်မှာမှ
မှင်နီလေးတစ်ချက် စွန်းထင်းခဲ့ရုံလေး ။

စံပါယ်တွေ စံပါယ်တွေ
ဖွေးဖွေးလှုပ်တမျှ ပွင့်အံ
နွေဦးပေါက် စာကျက်သံများမှာပျော်မွေ့
စိန်ပန်းတစ်ပွေ့ ကျောင်းပြေးပြီး ပွေ့ခဲ့ဖူးရဲ့ ။

ခရေတွေ ဝတ်မှုန်ကူးနေဆဲကာလ
သူမ ကေသာမှာ နှင်းဆီကိုအစားထိုးပန်တာလောက်
ငါမျက်မုန်းကျိုးရတာမရှိဘူး
ငါ့ရင်မှာ ခရေတွေ တစ်ရက်ကြိုဖူးခဲ့ချင်မိတယ် ။

အထက ဆကာကြီး
ဟုတ်တယ်
အဲ့ဒီတုန်းက ခုလောက်ထိ အသက်မကြီးကြသေးဘူး ။

ဆောင်းခိုးမြူငွေ့ တစ်သင်း
တအိအိ ကျဆင်းဆဲကာလ
သူမ ဆံနွယ်စ နှင်းသီးလေးတွေပေါ်မှာ
ငါ့စိတ်ကူးတွေ ခိုစီးခဲ့ဖူးတယ် ။

သူ...မရိပ်မိပါဘူး
စံပါယ်တွေ ခိုးသီခဲ့ဖူးသူရဲ့ဘဝ
ဘောဂဗေဒ ဖတ်စာအုပ်လေးပဲသိမယ် ။

ကျောင်းစည်းအပြင်ဘက်
ငါတို့တွေ ခြေစုံချရပ်ကြမယ်ဆိုပြန်တော့
ငါ့ဆီမှာ နင်မမှတ်မိတဲ့ အမှတ်တရလက်ကျန်ကလွဲပြီး
တစ်သက်အမှတ်ရစရာတွေ ဖူးပွင့်ခဲ့ဖူးတယ်ဆိုတာ
မဉ္ဇူသက နတ်ပန်းပင်ကြီးလည်း သိမှာပါ ။

                                             ကြယ်တာရာ

Saturday, February 27, 2016

ဆရာစစ်​မိုးအိမ်​ရဲ့ လက်​ရာ​လေးပါ

ဆွမ်းလောင်းပွဲ
==========

နိဗ္ဗာန်ဆော်ကြီး လမ်းပြဆောင်
ကြေးစည်တနောင်နောင်။
မနက်ရောင်နီ ထွန်းလျှံပ
ဘုန်းဘုန်း ဆွမ်းခံကြွ။

ညီညာဖြဖြ မြတ်သံဃာ
တန်းစီလှည့်၍လာ။
နိဗ္ဗာန်ရွယ်ကာ ပေါင်းကူပို့
ဆွမ်းတွေ လောင်းလှူစို့။

တချို့ တချို့ လမ်းမတွင်
ကြည်နူးပြုံးရွှင်ရွှင်။
ဆွမ်းအုပ်ကိုပြင် ခပ်လှူခူး
မြင်သူ ထပ်တူမြူး။

မှတ်ယူဖူးတဲ့ တရားသံ
နားထဲတိုးလွင့်ပျံ။
ပြည်နိဗ္ဗာန်ကို လှမ်းချီကြောင်း
ငါတို့ မှန်းရည်လောင်း။

စစ်မိုးအိမ်
06:24
20.10.2015

ယမ်း​ငွေ့မှာရနံ့​တွေရှိတယ်​ဆိုရင်​ အဲ့ဒီရနံ့​တွေဟာ?

ယမ်းငွေ့တွေမှာရနံ့တွေရှိတယ်ဆိုရင် အဲဒီရနံ့တွေဟာ. . . . .?

မေမေရယ် . . .
လက်နက်ရှိသူအချင်းချင်း
အာဏာရမ္မက်အတွက် ခင်းကြတဲ့စစ်မှာ ။
တောင်ယာခုတ်ပြီးသားတို့အတွက်
ပေးဆပ်နေတဲ့ဖေဖေက ဘာလို့သေပေးလိုက်ရတာလဲ ။
မေ့မေ့ရဲ့ခြေတစ်ဖက်နှင့်
သားမျက်နှာက အမာရွတ်ကရော ။
သဘာဝရဲ့ဖန်ဆင်းမှုအတိုင်း မရှိပဲ
ဘာလို့  စစ်ရဲ့ဖန်ဆင်းမှုအတိုင်း ရှိနေရတာလဲ ။
မေမေရယ် . . .
စစ်ကို ရွံတယ် ကြောက်တယ် မုန်းတယ်
ဒီစစ်ဆိုတာကြီးကိုသာမကြုံခဲ့ရရင် ။
ဖေဖေရှာပေးတဲ့လူနေမှုအဆင့်အတန်းနှင့်
မေမေပြင်ဆင်ပေးတဲ့ထမင်းချိုင့်လေးကိုဆွဲရင်း ။
လူမှုဆက်ဆံရေးနှင့်ကျောင်းသင်္ခန်းစာတွေကို
အနာဂတ်လှလှနဲ့လေ့ကျက်နေရမှာပဲနော် ။
အခုတော့  မေမေရယ် . . .
ကြယ်မြင် လမြင်ဘ၀နှင့်
လူတကာရဲ့ ဂရုဏာတရားမှာ
ကိုယ့်အသက်ကို ၀ကွက်ထားရင်း
ယမ်းငွေ့တွေကို စက်ဆုပ်စွာနမ်းရှိုက်နေရတုန်း ။
ဘယ်တော့များ  ဘ၀က
လရောင်ဆမ်းတဲ့ ပန်းလို
လန်းဆန်းငြိမ်းမြစွာစွာပွင့်လန်းရမလဲ . . .? ။
သန်းခေါင်ထက်တော့ညဥ့်မနက်တော့ပါဘူး
မေမေရယ် . . .
သားတို့ရဲ့အနာဂတ်ဘ၀က သေဆုံးခဲ့ပြီပဲ ။
ဒီအသက်နှင့်ဒီခန္ဓာဟာလည်း
လောကအတွက်
အပိုသက်သက်ပါပဲ မေမေ ။
                     နေလ(မတ္တရာ)

အသိ​ခေါက်​ခတ်

အသိခေါက်ခက်
..........................

ရင်ပြင်ပေါ် ဖိနပ်နဲ့တက်
ခက်ပါတဲ့ မအဝှါ...

သာသနာ ယဉ်ကျေးမှုအား
လေးစားလိုက်နာ...

အသိရှိပါ
ကိုယ့်ဘာသာ ကိုယ်လေးစား...

တရားမမင်
အမှားရယ်ကြင်မိလေက
ထိမှနာ အငိုပွဲနဲ့
ငရဲသို့ လား...။။။

(ကဗျာမဟုတ်တဲ့ကဗျာ)
Thet Naing Aung

က​ဗျာပန်းခင်းမှ ဆရာThura Soe Yinရဲ့ က​ဗျာ​လေးပါ

☁   တိမ်ငိုတဲ့ ည  
---------------------------------------------
          [၁]
* အဲဒီကျေးလက်မှာ
   ရွှေဘကို ရှာနေတုန်း
   စတားလုံးနဲ့ တွေ့ခဲ့တယ်...။
* အဲဒီကျေးလက်မှာ
   မာမာအေးအစား
   မက်ဒေါနားနဲ့ ဆုံခဲ့တယ်...။
          [၂]
* အဲဒီကျေးလက်ရဲ့
   ညဥ့်နက်နက်မှာ
   လပြည့်ညကဗျာကို ခံစားရင်း
   ရွာကွင်းပြင်ဘက်
   လမ်းလျှောက်ထွက်အလာ...။
          [၃]
* ဗီဒီယိုရုံထဲက
   ထွက်အန်ကျလာတဲ့
   ပုရိသတွေအကြား
   စူးရှရှရေမွှေးနံ့အပြင်းစား
   မိတ်ကပ်အထင်းသားနဲ့
   လရောင်ကြားက
   ဝိုးတဝါးအလှ
   အို...သူမ
   လဟာ ရှက်လို့ တိမ်ကြားကွယ်...
   တိမ်က ချုံးချ ငိုကြွေးတယ်...။     ။
                                  (သူရိန်မင်း)

Friday, February 26, 2016

က​​ဗျာပန်းခင်းမှ ကျွန်​​တော်​နှစ်​သက်​တဲ့က​ဗျာ​လေးပါ

♥ ဘောင်မခတ်တဲ့ ဆုံမှတ် ♥
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ငါ့ရင်ဘတ်ထဲက
ကဗျာ ငှက်တွေလဲ
လွတ်လပ်စွာ ပျံသန်းနေပြီ
`` ကဗျာ နဲ့ ရင်ဘတ် ´´
ဘောင် , မခတ်ပဲ
ဆုံမှတ်ပေးခဲ့သော
နှလုံးသားဆိုတဲ့
ကျောက်စာတိုင်ကို
မော်ကွန်းတင်လိုက်ချင်မိပြန်တယ်

နှလုံးသားရဲ့ဧည့်သည်
အမုန်းလဲ မပွားခဲ့ဘူးကွယ်
ကြုံရာလဲ မနားခဲ့ဘူးကွယ်
ပုံပြင်တွေသာ
ကျန်ခဲ့မယ်ဆိုရင်တောင်
ငါ ခပ်ပြုံးပြုံးလေးပဲ
ပရိတ်သတ်အဖြစ်
ထိုင်ကြည့်ပါရစေလား

ဖြတ်သန်းခဲ့တဲ့ လမ်းတစ်လျှောက်
အလွမ်းတွေလဲ သောက်ခဲ့ဘူးတယ်
အနမ်းတွေလဲ ပျောက်ခဲ့ဘူးတယ်
ဒဏ်ရာ , တစ်ထောက်တောင်
ငါ ~~~ နားမိလိုက်ပါသေးရဲ့

နှလုံးသားရဲ့စေခိုင်းချက်
နေ့ , တောင်မဆိုင်းခဲ့
ဝေဒနာတွေကောက်ဆို
ငါ ကောက်ခဲ့
အကြင်နာတွေ ပျောက်ဆိုရင်
ငါ ပျောက်ခဲ့ဘူးတာပေါ့

အခုထိ
ငါ့နှလုံးသားလေး
ဦးတည်စွာမဲ့နေပေမဲ့
စစ်မှန်တဲ့
ရင်ခွင်ဦးဆီ
ငါ နားခိုချင်မိသေးပါရဲ့ ~~~~?

                   ရင်ခွင်ရိုင်း { ခ } nay lin

                            ကြက်ဟင်းခါးကျွန်း

Thursday, January 21, 2016

ထိခိုက်​ဝမ်းနည်းလွယ်​တဲ့စိတ်​ရှိ​ပေမယ့်​ ဘယ်​သူ့မှ မကူးစက်​​စေချင်​ဘူး

အိမ်​ပြန်​ချိန်

လျှို့ဝှက်​တတ်​တဲ့
ညည်​ဆိုး​လေး​ကြောင့်
ဟန်​​ဆောင်​ပြုံးတတ်​တဲ့
ကျွန်​မရဲ့အပြုံးနုနု​နောက်​မှာ
ဝမ်းနည်းငို​ကျွေး​နေတဲ့
သောကမျက်​ရည်​​တွေ
ဘယ်​သူမြင်​မှာလဲ....

ဖြစ်​ချင်​တာ​တွေကို
ရုတ်​သိမ်းမြိုသိပ်
ရင်​တံခါးကိုပိတ်​လို့
အိမ်​ပြန်​ချိန်​တံခါးဝကို
ကျွန်​မ...
ငြင်​သာစွာဖွင့်​လှစ်​လိုက်​ပြီ...

  📝📝📝📝

Saturday, January 16, 2016

မင်းအတွက်​​တော့မီးစ​လေး​ပေါ့

မင်းအချစ်ကို ခံစား
ငါ ဒူးထောက်သွားပြီ
ငါ့ဘ၀ ငါ့ဇာတ်
မင်းအတွက်တော့
ရူးမတတ်ပဲ
အပူကိုပေး
အအေးကိုယူ
ငါဆိုတဲ့ လူက
မင်းအတွက်တော့
မီးစလေးပေါ့။


Posted via Blogaway

အပြစ်​​တွေ​ကျေချင်​တယ်​...

ငါ သူ့အတွက်ဖြစ်ချင်ခဲ့တာက
ထီး
ငါ့သူ့အတွက်ဖြစ်နေတာက
မီး
ထီးအဖြစ်နဲ့မိုးရေတွေမတားဆီးနိုင်ခဲ့ပေမယ့်
မီးအဖြစ်နဲ့အနွေးဓါတ်လေးပေးနိုင်ရမယ်
ငါ့အပြစ်တွေ ကျေဖို့။


Posted via Blogaway

Thursday, January 14, 2016

က​ဗျာအ​ဟောင်း​လေး​တွေ့လို့

👎👎👎👎👎👎
👉နာက်ဆုံးတော့လဲ ✒✒
~~~~~~~~~~~~~~~~~~~

🔪 ငါဆိုတဲ့ ကောင်က
      သိပ်ဘ၀င်မြင့်တတ်တာ
      ချစ်သူနဲ့ အဆင်ပြေတော့
      တလောကလုံးကိုမေ့
      လမ်းလျှောက် တာတောင်
      မြေကြီးနဲ့ ထိတယ်မထင်တဲ့ကောင်✒

🔫 ငါ့စိတ်ဓါတ်က
      ချစ်သူနဲ့ အဆင်ပြေနေတော့
      ကမ်းကြည့်ငှက်လို ကောင်စား
      သမုဒ္ဒရာထဲ ဘယ်လောက်
      လမ်းပျောက်ပျောက်
      အမြင့်ဆုံးကို ပျံ
      အဝေးဆုံးကို ကြည့်
     အောင်မြင်မှု ...ဆီကို
     ရင်ကွဲခံ..သွားတဲ့ကောင်စား✒

💣  ငါဆိုတဲ့ ကောင်က
       ပုလွေတချောင်း ခါးထိုး
       တနေကုန် တောတိုးပြီး
       ထနောင်းပင် ကောင်းကောင်းအောက်
       နွားကျောင်း နေရမယ့်အစား
       Android တစ်လုံးနဲ့
       Facebook ပေါ်တက်ပြီး
       အခြေအနေ မကြည့်
       အဆင့်အတန်း မသိ
       တလုံးပြီး တလုံး
       မိုးရွာသလို ရွာချလိုက်တဲ့
       ရင်ထဲကချစ်စကားတွေ
       အဆုံးသတ် ကန့်လန်ကာချတော့
       သြော်..သူဆိုတာက
       ဟိုး..အထူးတန်းက
        ပရိတ်သတ် တစ်ယောက်ပါလား✒

                         💚💔🏃👣😪
                        
                            💚🔪💔🔫💣§§

အရမ်းလွမ်းခဲ့ရတဲ့ည​ပေါ့

ဖုန်းဘေမရှိတဲ့ ည

မျှော်နေမှန်းသိလျက်
ဖုန်းမဆက်တတ်ဘူး။
စိတ်ပူနေမှန်းသိလျက်
မဖြေသိမ့်တတ်ဘူး။
သူပို့တဲ့စာကိုဖတ်
ဒီမှာမျက်ရည်တစက်စက်နဲ့။
အခုဆို ငါ့ဘ၀က
ချစ်သူကိုမြင်လျက်
ထိခွင့်ကိုင်ခွင့်မရတဲ့
ဝိညာဉ် တစ်ခုလိုပေါ့
Good Nightလို့ပြောခွင့်မရတဲ့ည
စောစောအိပ်ဖို့ ပြောခွင့်မရတဲ့ည
ဖုန်းဆက်မလား မျှော်ရင်း
အိပ်ပျော်ခဲ့တဲ့ည
အဲ့ဒီညက
ဖုန်း ဘေ မ ရှိ တဲ့ ည ။

က​ဗျာအ​ဟောင်း​လေး​တွေပါ

က​ဗျာအ​ဟောင်း​လေး

မွေးဌာ​နေသို့တမ်းတခြင်း

မွေးဌာနေသို့....တမ်းတခြင်း

အတွေးကွန့်မြူး နွေလေရူးချိန်
နွေတန်ခူးမှာ သစ်ရွက်ကြွေကျ
မြင်သမျှဖြင့် အလွမ်းတွေသာ
ဖြစ်တည်တာမို့ ...။

မရောက်တာကြာ မမြင်တာဖြင့်
ရာသီစက်ဝန်း နှစ်ပတ်ယွန်းပြီ
မွေးရပ်ဆီသို့ လွမ်းမိခဏ
သတိရမိ...။

ငယ်ဖော်ပေါင်းသင်း သူငယ်ချင်းတွေ
ရည်ရွယ်ရာလမ်း တူလျှောက်လှမ်းရင်း
ပြိုကျကွဲကျ မဆုံကျတာ
ယနေ့ချိန်မှ သတိရမိ...။

အရင်တခေါက် ပြန်ချိန်ရောက်တော့
မြင်ချင်စိတ်စော အမောမောနှင့်
အပြေးနှင်လာ အတွေးမှာဖြင့်
ဘ၀အကြောင်း ပြန်ပြောင်းပြောပြ
ငိုကျရယ်ကျ ရင်ဖွင့်ကျမယ်
ခဲလေသမျှ သဲရေကျခဲ့...။

တာဝန်တစ်ရပ် ငါထမ်းရွက်လို့
ကျေတဲ့တစ်ခေါက် ပြန်ချိန်ရောက်ရင်
ပြန်လာဦးမည် မွေးရပ်ဆီကို
ဆီးကြိုမှာလား အတွေးများနှင့်
ခံစားရေးချ လွမ်းသမျှကို
မွေးရပ်မြေမှ မင်းသိရဖို့
မျက်ရည်ရောယှက် ကဗျာစပ်သည်
ခံစားပေးပါ သူငယ်ချင်းရာ...။

             မွေးရပ်မြေသို့ တမ်းတမိရင်း
             ခေတ္တ ( စစ်တွေ )
               အညတရ

အရမ်းသတိရတယ်

ဖြစ်​ချင်​တာနဲ့ဖြစ်​​နေတာ

ဘ၀တဲ့ ဖြစ်ချင်းတာမဖြစ်ဘဲ
ဖြစ်ချင်ရာတွေဖြစ်နေ
လုပ်သလိုမဖြစ်လို့
ဖစ်သလိုလုပ်တော့
ကံဆိုတဲ့ကောင်က
ကိုယ့်ဘက်က မပါဘူး။
!*-*!::!

  *   *      *   *
*         *         *
*                  *
    *            *
           *

အတိတ်​ဆီကို..သတိရမိခြင်း

" စာကြောင်းကိုဖြောင့်အောင်ရေးပါ စာလုံးပေါင်းမှန်ပါစေ "....

ငယ်ငယ်ကရွတ်ဆိုဖူးတဲ့ စာကြောင်းလေ....

ဘာရယ်မဟုတ် ဟိုတွေဒီတွေးဒီတွေးနဲ့ အတိတ်ကိုပြန်တွေးမိတိုင်း စာကြောင်းကိုဖြောင့်အောင်မရေးခဲ့တော့ ဒီအချိန်မှာ ဘဝက စာလုံးပေါင်းသတ်ပုံလဲ မမှန်နိုင်တော့ဘူး...ဟူး....

ရင်​ထဲရှိလို့ ​ရေးမိတတယ်

ဌာနပေါင်းစုံမှ နိုင်ငံ့ဝန်ထမ်းများကိုယ်စား
      ပြည်သူ့....သား
ပြည်သူက......ကျွေး
ပြည်သူက......မွေး
ပြည်သူက.......ပေးတယ်။

ပြည်သူ့ဝန်...ငါ့ဝန်
ပြည်သူ့ဒုက္ခ....ငါ့ဒုက္ခ။

ငါ့အတ္တ..ငါ့မာန
ငါ..ခ၀ါချပြီ။

စေလိုရာစေ
တာဝန်နွေထဲ
မပျော်လဲပြုံး
ငါ့ဘ၀ပဲ....ဆုံးစေတော့
ပြည်သူ့တွက်မို့...ကျေနပ်တယ်....။

                    ရင်ထဲရှိလို့ရေးမိတယ်