Wednesday, March 2, 2016

.သူမရှိတဲ့​နေ့​တွေဆို....

" သူ မရှိတဲ့နေ့တွေဆို "

သူ ...မရှိတဲ့နေ့တွေဆို...
ကောင်းကင်မှာ ကြယ်ဘယ်လိုလင်းလင်း
ရင်ထဲမှာတော့ အမှောင်ချဉ်း...

သူ ...မရှိတဲ့နေ့တွေဆို
ငှက်ကလေးတွေ တေးဘယ်လိုဆိုဆို...
မျက်ဝန်းအိမ်ထဲ မျက်ရည်ယို...

သူ ...မရှိတဲ့နေ့တွေဆို
ပန်းပွင့်လေးတွေ ဘယ်လိုပွင့်ပွင့်
အသဲနွမ်းလို့ လွမ်းဆိပ်သင့်...

သူ ...မရှိတဲ့နေ့တွေဆို
မပိုပါဘူး  ဘုရားစူးစေ
ရွှင်မြူးမပျော်  တစ်မျှော်မျှော်နှင့်
အော်ခေါ်တမ်းယောင်  ဥသြမောင်လို
ငေးငေါင်မစဲ မရွှင်သဲနှင့်
ရင်ကွဲမတတ် လွမ်းရတယ်...။     ။

စိတ္တဇအလွမ်း( ဖောင်ကြီး )

No comments:

Post a Comment