ဆွမ်းလောင်းပွဲ
==========
နိဗ္ဗာန်ဆော်ကြီး လမ်းပြဆောင်
ကြေးစည်တနောင်နောင်။
မနက်ရောင်နီ ထွန်းလျှံပ
ဘုန်းဘုန်း ဆွမ်းခံကြွ။
ညီညာဖြဖြ မြတ်သံဃာ
တန်းစီလှည့်၍လာ။
နိဗ္ဗာန်ရွယ်ကာ ပေါင်းကူပို့
ဆွမ်းတွေ လောင်းလှူစို့။
တချို့ တချို့ လမ်းမတွင်
ကြည်နူးပြုံးရွှင်ရွှင်။
ဆွမ်းအုပ်ကိုပြင် ခပ်လှူခူး
မြင်သူ ထပ်တူမြူး။
မှတ်ယူဖူးတဲ့ တရားသံ
နားထဲတိုးလွင့်ပျံ။
ပြည်နိဗ္ဗာန်ကို လှမ်းချီကြောင်း
ငါတို့ မှန်းရည်လောင်း။
စစ်မိုးအိမ်
06:24
20.10.2015
No comments:
Post a Comment