ဖုန်းဘေမရှိတဲ့ ည
မျှော်နေမှန်းသိလျက်
ဖုန်းမဆက်တတ်ဘူး။
စိတ်ပူနေမှန်းသိလျက်
မဖြေသိမ့်တတ်ဘူး။
သူပို့တဲ့စာကိုဖတ်
ဒီမှာမျက်ရည်တစက်စက်နဲ့။
အခုဆို ငါ့ဘ၀က
ချစ်သူကိုမြင်လျက်
ထိခွင့်ကိုင်ခွင့်မရတဲ့
ဝိညာဉ် တစ်ခုလိုပေါ့
Good Nightလို့ပြောခွင့်မရတဲ့ည
စောစောအိပ်ဖို့ ပြောခွင့်မရတဲ့ည
ဖုန်းဆက်မလား မျှော်ရင်း
အိပ်ပျော်ခဲ့တဲ့ည
အဲ့ဒီညက
ဖုန်း ဘေ မ ရှိ တဲ့ ည ။
No comments:
Post a Comment