Friday, February 26, 2016

က​​ဗျာပန်းခင်းမှ ကျွန်​​တော်​နှစ်​သက်​တဲ့က​ဗျာ​လေးပါ

♥ ဘောင်မခတ်တဲ့ ဆုံမှတ် ♥
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ငါ့ရင်ဘတ်ထဲက
ကဗျာ ငှက်တွေလဲ
လွတ်လပ်စွာ ပျံသန်းနေပြီ
`` ကဗျာ နဲ့ ရင်ဘတ် ´´
ဘောင် , မခတ်ပဲ
ဆုံမှတ်ပေးခဲ့သော
နှလုံးသားဆိုတဲ့
ကျောက်စာတိုင်ကို
မော်ကွန်းတင်လိုက်ချင်မိပြန်တယ်

နှလုံးသားရဲ့ဧည့်သည်
အမုန်းလဲ မပွားခဲ့ဘူးကွယ်
ကြုံရာလဲ မနားခဲ့ဘူးကွယ်
ပုံပြင်တွေသာ
ကျန်ခဲ့မယ်ဆိုရင်တောင်
ငါ ခပ်ပြုံးပြုံးလေးပဲ
ပရိတ်သတ်အဖြစ်
ထိုင်ကြည့်ပါရစေလား

ဖြတ်သန်းခဲ့တဲ့ လမ်းတစ်လျှောက်
အလွမ်းတွေလဲ သောက်ခဲ့ဘူးတယ်
အနမ်းတွေလဲ ပျောက်ခဲ့ဘူးတယ်
ဒဏ်ရာ , တစ်ထောက်တောင်
ငါ ~~~ နားမိလိုက်ပါသေးရဲ့

နှလုံးသားရဲ့စေခိုင်းချက်
နေ့ , တောင်မဆိုင်းခဲ့
ဝေဒနာတွေကောက်ဆို
ငါ ကောက်ခဲ့
အကြင်နာတွေ ပျောက်ဆိုရင်
ငါ ပျောက်ခဲ့ဘူးတာပေါ့

အခုထိ
ငါ့နှလုံးသားလေး
ဦးတည်စွာမဲ့နေပေမဲ့
စစ်မှန်တဲ့
ရင်ခွင်ဦးဆီ
ငါ နားခိုချင်မိသေးပါရဲ့ ~~~~?

                   ရင်ခွင်ရိုင်း { ခ } nay lin

                            ကြက်ဟင်းခါးကျွန်း

No comments:

Post a Comment