*လူပျိုဟိုင်း*
❀ ❀ ❀ ❀
*သိက္ခာတော် သမာဓိနှင့်၊
ိ အရွယ်ကြည့် အကွာ၊
ကညာမိ မဟဝှါကို၊
ကျနေရှာ စိတ်ထဲ။
*ခုဘဝ ပေါင်းရစေ
တောင်းရပေ ဆုကြိမ်ကြိမ်ပဲ။
*စိပ်ပုတီး တစ်တောင်ထွာကို၊
ဆောင်သဗျာ အမြဲ။
အောင်ဇေယျာ နိမိတ်ခဲလို့၊
အတိတ်လဲ သူယုံ။
*ဣနြေ္ဒ ဆယ်လျက်ကယ်နှင့်၊
တကယ်ရှက် စိတ်တဲ့မလုံ။
*တစ်ဘက်သတ် သူ့ဖြစ်ပုံမှာ၊
အချိန်ကုန် အသက်ကြီးလို့၊
ဆက်ခရီး မှီးစရာ၊
ဘိုးဘွားရိပ်သာ။
*ကြိုးစားရင်း မယ်ကညာမှာ၊
ရွယ်တူရာ ပါသွားပေါ့လေး။ ။
ကျော်နိုင်(ပခုက္ကူ)
Sunday, February 28, 2016
ကဗျာပန်းခင်းမှ ဆရာ ကျော်နိုင်(ပခုက္ကူ)ရဲ့လက်ရာ "လူပျိုဟိုင်း"ကဗျာလေးပါ
"သက္ကရာဇ်တိုက်စားသော်လည်း မပြိုလဲခဲ့ရသောအမှတ်တရများ"
"သက္ကရာဇ်တိုက်စားသော်လည်း မပြိုလဲခဲ့ရသောအမှတ်တရများ"
မျက်နှာပျက်စရာ မလိုပါဘူးမေမေ
သားမဖတ်လိုက်ရတဲ့ စာအုပ်မှာမှ
မှင်နီလေးတစ်ချက် စွန်းထင်းခဲ့ရုံလေး ။
စံပါယ်တွေ စံပါယ်တွေ
ဖွေးဖွေးလှုပ်တမျှ ပွင့်အံ
နွေဦးပေါက် စာကျက်သံများမှာပျော်မွေ့
စိန်ပန်းတစ်ပွေ့ ကျောင်းပြေးပြီး ပွေ့ခဲ့ဖူးရဲ့ ။
ခရေတွေ ဝတ်မှုန်ကူးနေဆဲကာလ
သူမ ကေသာမှာ နှင်းဆီကိုအစားထိုးပန်တာလောက်
ငါမျက်မုန်းကျိုးရတာမရှိဘူး
ငါ့ရင်မှာ ခရေတွေ တစ်ရက်ကြိုဖူးခဲ့ချင်မိတယ် ။
အထက ဆကာကြီး
ဟုတ်တယ်
အဲ့ဒီတုန်းက ခုလောက်ထိ အသက်မကြီးကြသေးဘူး ။
ဆောင်းခိုးမြူငွေ့ တစ်သင်း
တအိအိ ကျဆင်းဆဲကာလ
သူမ ဆံနွယ်စ နှင်းသီးလေးတွေပေါ်မှာ
ငါ့စိတ်ကူးတွေ ခိုစီးခဲ့ဖူးတယ် ။
သူ...မရိပ်မိပါဘူး
စံပါယ်တွေ ခိုးသီခဲ့ဖူးသူရဲ့ဘဝ
ဘောဂဗေဒ ဖတ်စာအုပ်လေးပဲသိမယ် ။
ကျောင်းစည်းအပြင်ဘက်
ငါတို့တွေ ခြေစုံချရပ်ကြမယ်ဆိုပြန်တော့
ငါ့ဆီမှာ နင်မမှတ်မိတဲ့ အမှတ်တရလက်ကျန်ကလွဲပြီး
တစ်သက်အမှတ်ရစရာတွေ ဖူးပွင့်ခဲ့ဖူးတယ်ဆိုတာ
မဉ္ဇူသက နတ်ပန်းပင်ကြီးလည်း သိမှာပါ ။
ကြယ်တာရာ
Saturday, February 27, 2016
ဆရာစစ်မိုးအိမ်ရဲ့ လက်ရာလေးပါ
ဆွမ်းလောင်းပွဲ
==========
နိဗ္ဗာန်ဆော်ကြီး လမ်းပြဆောင်
ကြေးစည်တနောင်နောင်။
မနက်ရောင်နီ ထွန်းလျှံပ
ဘုန်းဘုန်း ဆွမ်းခံကြွ။
ညီညာဖြဖြ မြတ်သံဃာ
တန်းစီလှည့်၍လာ။
နိဗ္ဗာန်ရွယ်ကာ ပေါင်းကူပို့
ဆွမ်းတွေ လောင်းလှူစို့။
တချို့ တချို့ လမ်းမတွင်
ကြည်နူးပြုံးရွှင်ရွှင်။
ဆွမ်းအုပ်ကိုပြင် ခပ်လှူခူး
မြင်သူ ထပ်တူမြူး။
မှတ်ယူဖူးတဲ့ တရားသံ
နားထဲတိုးလွင့်ပျံ။
ပြည်နိဗ္ဗာန်ကို လှမ်းချီကြောင်း
ငါတို့ မှန်းရည်လောင်း။
စစ်မိုးအိမ်
06:24
20.10.2015
ယမ်းငွေ့မှာရနံ့တွေရှိတယ်ဆိုရင် အဲ့ဒီရနံ့တွေဟာ?
ယမ်းငွေ့တွေမှာရနံ့တွေရှိတယ်ဆိုရင် အဲဒီရနံ့တွေဟာ. . . . .?
မေမေရယ် . . .
လက်နက်ရှိသူအချင်းချင်း
အာဏာရမ္မက်အတွက် ခင်းကြတဲ့စစ်မှာ ။
တောင်ယာခုတ်ပြီးသားတို့အတွက်
ပေးဆပ်နေတဲ့ဖေဖေက ဘာလို့သေပေးလိုက်ရတာလဲ ။
မေ့မေ့ရဲ့ခြေတစ်ဖက်နှင့်
သားမျက်နှာက အမာရွတ်ကရော ။
သဘာဝရဲ့ဖန်ဆင်းမှုအတိုင်း မရှိပဲ
ဘာလို့ စစ်ရဲ့ဖန်ဆင်းမှုအတိုင်း ရှိနေရတာလဲ ။
မေမေရယ် . . .
စစ်ကို ရွံတယ် ကြောက်တယ် မုန်းတယ်
ဒီစစ်ဆိုတာကြီးကိုသာမကြုံခဲ့ရရင် ။
ဖေဖေရှာပေးတဲ့လူနေမှုအဆင့်အတန်းနှင့်
မေမေပြင်ဆင်ပေးတဲ့ထမင်းချိုင့်လေးကိုဆွဲရင်း ။
လူမှုဆက်ဆံရေးနှင့်ကျောင်းသင်္ခန်းစာတွေကို
အနာဂတ်လှလှနဲ့လေ့ကျက်နေရမှာပဲနော် ။
အခုတော့ မေမေရယ် . . .
ကြယ်မြင် လမြင်ဘ၀နှင့်
လူတကာရဲ့ ဂရုဏာတရားမှာ
ကိုယ့်အသက်ကို ၀ကွက်ထားရင်း
ယမ်းငွေ့တွေကို စက်ဆုပ်စွာနမ်းရှိုက်နေရတုန်း ။
ဘယ်တော့များ ဘ၀က
လရောင်ဆမ်းတဲ့ ပန်းလို
လန်းဆန်းငြိမ်းမြစွာစွာပွင့်လန်းရမလဲ . . .? ။
သန်းခေါင်ထက်တော့ညဥ့်မနက်တော့ပါဘူး
မေမေရယ် . . .
သားတို့ရဲ့အနာဂတ်ဘ၀က သေဆုံးခဲ့ပြီပဲ ။
ဒီအသက်နှင့်ဒီခန္ဓာဟာလည်း
လောကအတွက်
အပိုသက်သက်ပါပဲ မေမေ ။
နေလ(မတ္တရာ)
အသိခေါက်ခတ်
အသိခေါက်ခက်
..........................
ရင်ပြင်ပေါ် ဖိနပ်နဲ့တက်
ခက်ပါတဲ့ မအဝှါ...
သာသနာ ယဉ်ကျေးမှုအား
လေးစားလိုက်နာ...
အသိရှိပါ
ကိုယ့်ဘာသာ ကိုယ်လေးစား...
တရားမမင်
အမှားရယ်ကြင်မိလေက
ထိမှနာ အငိုပွဲနဲ့
ငရဲသို့ လား...။။။
(ကဗျာမဟုတ်တဲ့ကဗျာ)
Thet Naing Aung
ကဗျာပန်းခင်းမှ ဆရာThura Soe Yinရဲ့ ကဗျာလေးပါ
☁ တိမ်ငိုတဲ့ ည ☁
---------------------------------------------
[၁]
* အဲဒီကျေးလက်မှာ
ရွှေဘကို ရှာနေတုန်း
စတားလုံးနဲ့ တွေ့ခဲ့တယ်...။
* အဲဒီကျေးလက်မှာ
မာမာအေးအစား
မက်ဒေါနားနဲ့ ဆုံခဲ့တယ်...။
[၂]
* အဲဒီကျေးလက်ရဲ့
ညဥ့်နက်နက်မှာ
လပြည့်ညကဗျာကို ခံစားရင်း
ရွာကွင်းပြင်ဘက်
လမ်းလျှောက်ထွက်အလာ...။
[၃]
* ဗီဒီယိုရုံထဲက
ထွက်အန်ကျလာတဲ့
ပုရိသတွေအကြား
စူးရှရှရေမွှေးနံ့အပြင်းစား
မိတ်ကပ်အထင်းသားနဲ့
လရောင်ကြားက
ဝိုးတဝါးအလှ
အို...သူမ
လဟာ ရှက်လို့ တိမ်ကြားကွယ်...
တိမ်က ချုံးချ ငိုကြွေးတယ်...။ ။
(သူရိန်မင်း)
Friday, February 26, 2016
ကဗျာပန်းခင်းမှ ကျွန်တော်နှစ်သက်တဲ့ကဗျာလေးပါ
♥ ဘောင်မခတ်တဲ့ ဆုံမှတ် ♥
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ငါ့ရင်ဘတ်ထဲက
ကဗျာ ငှက်တွေလဲ
လွတ်လပ်စွာ ပျံသန်းနေပြီ
`` ကဗျာ နဲ့ ရင်ဘတ် ´´
ဘောင် , မခတ်ပဲ
ဆုံမှတ်ပေးခဲ့သော
နှလုံးသားဆိုတဲ့
ကျောက်စာတိုင်ကို
မော်ကွန်းတင်လိုက်ချင်မိပြန်တယ်
နှလုံးသားရဲ့ဧည့်သည်
အမုန်းလဲ မပွားခဲ့ဘူးကွယ်
ကြုံရာလဲ မနားခဲ့ဘူးကွယ်
ပုံပြင်တွေသာ
ကျန်ခဲ့မယ်ဆိုရင်တောင်
ငါ ခပ်ပြုံးပြုံးလေးပဲ
ပရိတ်သတ်အဖြစ်
ထိုင်ကြည့်ပါရစေလား
ဖြတ်သန်းခဲ့တဲ့ လမ်းတစ်လျှောက်
အလွမ်းတွေလဲ သောက်ခဲ့ဘူးတယ်
အနမ်းတွေလဲ ပျောက်ခဲ့ဘူးတယ်
ဒဏ်ရာ , တစ်ထောက်တောင်
ငါ ~~~ နားမိလိုက်ပါသေးရဲ့
နှလုံးသားရဲ့စေခိုင်းချက်
နေ့ , တောင်မဆိုင်းခဲ့
ဝေဒနာတွေကောက်ဆို
ငါ ကောက်ခဲ့
အကြင်နာတွေ ပျောက်ဆိုရင်
ငါ ပျောက်ခဲ့ဘူးတာပေါ့
အခုထိ
ငါ့နှလုံးသားလေး
ဦးတည်စွာမဲ့နေပေမဲ့
စစ်မှန်တဲ့
ရင်ခွင်ဦးဆီ
ငါ နားခိုချင်မိသေးပါရဲ့ ~~~~?
ရင်ခွင်ရိုင်း { ခ } nay lin
ကြက်ဟင်းခါးကျွန်း