Tuesday, January 26, 2016
Thursday, January 21, 2016
ထိခိုက်ဝမ်းနည်းလွယ်တဲ့စိတ်ရှိပေမယ့် ဘယ်သူ့မှ မကူးစက်စေချင်ဘူး
အိမ်ပြန်ချိန်
လျှို့ဝှက်တတ်တဲ့
ညည်ဆိုးလေးကြောင့်
ဟန်ဆောင်ပြုံးတတ်တဲ့
ကျွန်မရဲ့အပြုံးနုနုနောက်မှာ
ဝမ်းနည်းငိုကျွေးနေတဲ့
သောကမျက်ရည်တွေ
ဘယ်သူမြင်မှာလဲ....
ဖြစ်ချင်တာတွေကို
ရုတ်သိမ်းမြိုသိပ်
ရင်တံခါးကိုပိတ်လို့
အိမ်ပြန်ချိန်တံခါးဝကို
ကျွန်မ...
ငြင်သာစွာဖွင့်လှစ်လိုက်ပြီ...
📝📝📝📝
Saturday, January 16, 2016
မင်းအတွက်တော့မီးစလေးပေါ့
မင်းအချစ်ကို ခံစား
ငါ ဒူးထောက်သွားပြီ
ငါ့ဘ၀ ငါ့ဇာတ်
မင်းအတွက်တော့
ရူးမတတ်ပဲ
အပူကိုပေး
အအေးကိုယူ
ငါဆိုတဲ့ လူက
မင်းအတွက်တော့
မီးစလေးပေါ့။
Posted via Blogaway
အပြစ်တွေကျေချင်တယ်...
ငါ သူ့အတွက်ဖြစ်ချင်ခဲ့တာက
ထီး
ငါ့သူ့အတွက်ဖြစ်နေတာက
မီး
ထီးအဖြစ်နဲ့မိုးရေတွေမတားဆီးနိုင်ခဲ့ပေမယ့်
မီးအဖြစ်နဲ့အနွေးဓါတ်လေးပေးနိုင်ရမယ်
ငါ့အပြစ်တွေ ကျေဖို့။
Posted via Blogaway
Thursday, January 14, 2016
ကဗျာအဟောင်းလေးတွေ့လို့
👎👎👎👎👎👎
👉 နောက်ဆုံးတော့လဲ ✒✒
~~~~~~~~~~~~~~~~~~~
🔪 ငါဆိုတဲ့ ကောင်က
သိပ်ဘ၀င်မြင့်တတ်တာ
ချစ်သူနဲ့ အဆင်ပြေတော့
တလောကလုံးကိုမေ့
လမ်းလျှောက် တာတောင်
မြေကြီးနဲ့ ထိတယ်မထင်တဲ့ကောင်✒
🔫 ငါ့စိတ်ဓါတ်က
ချစ်သူနဲ့ အဆင်ပြေနေတော့
ကမ်းကြည့်ငှက်လို ကောင်စား
သမုဒ္ဒရာထဲ ဘယ်လောက်
လမ်းပျောက်ပျောက်
အမြင့်ဆုံးကို ပျံ
အဝေးဆုံးကို ကြည့်
အောင်မြင်မှု ...ဆီကို
ရင်ကွဲခံ..သွားတဲ့ကောင်စား✒
💣 ငါဆိုတဲ့ ကောင်က
ပုလွေတချောင်း ခါးထိုး
တနေကုန် တောတိုးပြီး
ထနောင်းပင် ကောင်းကောင်းအောက်
နွားကျောင်း နေရမယ့်အစား
Android တစ်လုံးနဲ့
Facebook ပေါ်တက်ပြီး
အခြေအနေ မကြည့်
အဆင့်အတန်း မသိ
တလုံးပြီး တလုံး
မိုးရွာသလို ရွာချလိုက်တဲ့
ရင်ထဲကချစ်စကားတွေ
အဆုံးသတ် ကန့်လန်ကာချတော့
သြော်..သူဆိုတာက
ဟိုး..အထူးတန်းက
ပရိတ်သတ် တစ်ယောက်ပါလား✒
💚💔🏃👣😪
💚🔪💔🔫💣§§
အရမ်းလွမ်းခဲ့ရတဲ့ညပေါ့
ဖုန်းဘေမရှိတဲ့ ည
မျှော်နေမှန်းသိလျက်
ဖုန်းမဆက်တတ်ဘူး။
စိတ်ပူနေမှန်းသိလျက်
မဖြေသိမ့်တတ်ဘူး။
သူပို့တဲ့စာကိုဖတ်
ဒီမှာမျက်ရည်တစက်စက်နဲ့။
အခုဆို ငါ့ဘ၀က
ချစ်သူကိုမြင်လျက်
ထိခွင့်ကိုင်ခွင့်မရတဲ့
ဝိညာဉ် တစ်ခုလိုပေါ့
Good Nightလို့ပြောခွင့်မရတဲ့ည
စောစောအိပ်ဖို့ ပြောခွင့်မရတဲ့ည
ဖုန်းဆက်မလား မျှော်ရင်း
အိပ်ပျော်ခဲ့တဲ့ည
အဲ့ဒီညက
ဖုန်း ဘေ မ ရှိ တဲ့ ည ။
မွေးဌာနေသို့တမ်းတခြင်း
မွေးဌာနေသို့....တမ်းတခြင်း
အတွေးကွန့်မြူး နွေလေရူးချိန်
နွေတန်ခူးမှာ သစ်ရွက်ကြွေကျ
မြင်သမျှဖြင့် အလွမ်းတွေသာ
ဖြစ်တည်တာမို့ ...။
မရောက်တာကြာ မမြင်တာဖြင့်
ရာသီစက်ဝန်း နှစ်ပတ်ယွန်းပြီ
မွေးရပ်ဆီသို့ လွမ်းမိခဏ
သတိရမိ...။
ငယ်ဖော်ပေါင်းသင်း သူငယ်ချင်းတွေ
ရည်ရွယ်ရာလမ်း တူလျှောက်လှမ်းရင်း
ပြိုကျကွဲကျ မဆုံကျတာ
ယနေ့ချိန်မှ သတိရမိ...။
အရင်တခေါက် ပြန်ချိန်ရောက်တော့
မြင်ချင်စိတ်စော အမောမောနှင့်
အပြေးနှင်လာ အတွေးမှာဖြင့်
ဘ၀အကြောင်း ပြန်ပြောင်းပြောပြ
ငိုကျရယ်ကျ ရင်ဖွင့်ကျမယ်
ခဲလေသမျှ သဲရေကျခဲ့...။
တာဝန်တစ်ရပ် ငါထမ်းရွက်လို့
ကျေတဲ့တစ်ခေါက် ပြန်ချိန်ရောက်ရင်
ပြန်လာဦးမည် မွေးရပ်ဆီကို
ဆီးကြိုမှာလား အတွေးများနှင့်
ခံစားရေးချ လွမ်းသမျှကို
မွေးရပ်မြေမှ မင်းသိရဖို့
မျက်ရည်ရောယှက် ကဗျာစပ်သည်
ခံစားပေးပါ သူငယ်ချင်းရာ...။
မွေးရပ်မြေသို့ တမ်းတမိရင်း
ခေတ္တ ( စစ်တွေ )
အညတရ
အရမ်းသတိရတယ်
ဖြစ်ချင်တာနဲ့ဖြစ်နေတာ
ဘ၀တဲ့ ဖြစ်ချင်းတာမဖြစ်ဘဲ
ဖြစ်ချင်ရာတွေဖြစ်နေ
လုပ်သလိုမဖြစ်လို့
ဖြစ်သလိုလုပ်တော့
ကံဆိုတဲ့ကောင်က
ကိုယ့်ဘက်က မပါဘူး။
!*-*!::!
* * * *
* * *
* *
* *
*
အတိတ်ဆီကို..သတိရမိခြင်း
" စာကြောင်းကိုဖြောင့်အောင်ရေးပါ စာလုံးပေါင်းမှန်ပါစေ "....
ငယ်ငယ်ကရွတ်ဆိုဖူးတဲ့ စာကြောင်းလေ....
ဘာရယ်မဟုတ် ဟိုတွေဒီတွေးဒီတွေးနဲ့ အတိတ်ကိုပြန်တွေးမိတိုင်း စာကြောင်းကိုဖြောင့်အောင်မရေးခဲ့တော့ ဒီအချိန်မှာ ဘဝက စာလုံးပေါင်းသတ်ပုံလဲ မမှန်နိုင်တော့ဘူး...ဟူး....
ရင်ထဲရှိလို့ ရေးမိတတယ်
ဌာနပေါင်းစုံမှ နိုင်ငံ့ဝန်ထမ်းများကိုယ်စား
ပြည်သူ့....သား
ပြည်သူက......ကျွေး
ပြည်သူက......မွေး
ပြည်သူက.......ပေးတယ်။
ပြည်သူ့ဝန်...ငါ့ဝန်
ပြည်သူ့ဒုက္ခ....ငါ့ဒုက္ခ။
ငါ့အတ္တ..ငါ့မာန
ငါ..ခ၀ါချပြီ။
စေလိုရာစေ
တာဝန်နွေထဲ
မပျော်လဲပြုံး
ငါ့ဘ၀ပဲ....ဆုံးစေတော့
ပြည်သူ့တွက်မို့...ကျေနပ်တယ်....။
ရင်ထဲရှိလို့ရေးမိတယ်