Thursday, March 3, 2016

လွမ်းမျက်​ရည်​သီ ​ကြွေဦးမည်​...

ဖော်ဝေး နှလုံးသား
❀ ❀ ❀ ❀ ❀ ❀

ရေမြေရပ်ခြား တိုင်းတပါးသို့
လုပ်အားကြိုးကုပ် ရင်နှီးလုပ်ဖို့
ဆုတ်ခွာဋ္ဌာနေ ကြာလေပြီး....

ကျေးဇူးတော်ရှင် မိဖခင်နှင့်
အစ်ကို နှမ သတိရလို့
မှန်းဆငယ်ဖော် မမေ့သော်...

ရင်ခုန်ကိုယ်စီ ထပ်တူညီတဲ့
ချစ်ဦးကိုလည်း ချစ်ကြင်သည်သည်း
လွမ်းနေမြဲ....

သြော်...ကြံမ္မာမီးပွုင့် နီပြရပ်မို့
အိမ်ပြန်ချိန်တော့ နောက်ကျမည်
လွမ်းမျက်ရည်သီး ကြွေဦးမည်...

ဂျွန်နေသာ (jnt)

Wednesday, March 2, 2016

.သူမရှိတဲ့​နေ့​တွေဆို....

" သူ မရှိတဲ့နေ့တွေဆို "

သူ ...မရှိတဲ့နေ့တွေဆို...
ကောင်းကင်မှာ ကြယ်ဘယ်လိုလင်းလင်း
ရင်ထဲမှာတော့ အမှောင်ချဉ်း...

သူ ...မရှိတဲ့နေ့တွေဆို
ငှက်ကလေးတွေ တေးဘယ်လိုဆိုဆို...
မျက်ဝန်းအိမ်ထဲ မျက်ရည်ယို...

သူ ...မရှိတဲ့နေ့တွေဆို
ပန်းပွင့်လေးတွေ ဘယ်လိုပွင့်ပွင့်
အသဲနွမ်းလို့ လွမ်းဆိပ်သင့်...

သူ ...မရှိတဲ့နေ့တွေဆို
မပိုပါဘူး  ဘုရားစူးစေ
ရွှင်မြူးမပျော်  တစ်မျှော်မျှော်နှင့်
အော်ခေါ်တမ်းယောင်  ဥသြမောင်လို
ငေးငေါင်မစဲ မရွှင်သဲနှင့်
ရင်ကွဲမတတ် လွမ်းရတယ်...။     ။

စိတ္တဇအလွမ်း( ဖောင်ကြီး )

အရမ်းကြိုက်​တယ်​ က​ဗျာ​လေးပါ

#သူ  သိပါစေ "
=========================
ချစ်သူ...

မင်းအတွက်

ခွင့်လွှတ်ခြင်းသစ်သီးတွေ

မချူဘဲကြွေကျ။

နားလည်မှုပန်းပွင့်တွေ

ရနံ့ခြွေမြေခ

ရွှေချထားလောက်တဲ့ငါ့နှလုံးသား

အရှုံးများစွာကိုခဝါချ

အမုန်းတရားပြာကျ

ထာဝရချစ်ခြင်း

အပြစ်ကင်းပါတယ်နော်။ ။

မျိုးနိုင်(တန့်ဆည်)