#မင်း ငါ့ကိုတစ်ယောက်တည်းထားခဲ့အခါ ငါ့ကို ပြန်လှည့်မကြည့်ပါနဲ့ ။
ရှေ့လျှောက်မယ့်ခြေလှမ်းဟာ နောက်ပြန်ကြည့်ရင် ခလုတ်တိုက်လဲတာပဲရှိမယ် ဒါပေမယ့် ရရှိလိုက်တဲ့ ဒဏ်ရာတွေ ပျော်စရာအမှတ်တရတွေကိုတော့ သင်ခန်းစာတစ်ခုလို စွဲစွဲမြဲမြဲသတိရနေစေချင်တယ်။
#ငါ့ကိုထားခဲ့တဲ့အခါ မင်းသာအဆင်ပြေအောင်ကြိုးစားပါ။ ငါ့အတွက် ကွယ်ရာကစိတ်ကူးလေးနဲ့တောင် အဆင်ပြေပါစေဆိုတာမျိုး ဆုမတောင်းပေးပါနဲ့။ မင်းမရှိမှတော့ငါလဲအဆင်ပြေမှာမှ မဟုတ်တာ။
#ငါသတိရနေပါတယ် မင်းကငါ့ဘ၀ပါ ငါ့ဘ၀ထဲမှာ မင်းအချိန်တိုင်းရှိနေတယ် ဘယ်အခြေအနေရောက်ရောက်ပေါ့။ မင်းဘ၀ထဲမှာလဲ ငါအမြဲရှိနေမယ်။
#ဒါတွေက ငါ့ရဲ့တစ်ဖက်သတ်ခံစားချက်ပါ မင်းမလိုအပ်ရင်ငါအဝေးမှာနေပေးမယ်။
#တစ်နေ့နေ့တစ်ချိန်ချိန်မှာ မင်းလိုအပ်လာရင် ငါမင်းအတွက် အဆင်သင့်ရှိနေတယ်ဆိုတာ မမေ့ပါနဲ့။
#ထွက်ခွာသွားမယ့် မင်းကိုငါမတားခဲ့တာဟာ မချစ်လို့ မဟုတ်ပါဘူး။ မင်းကိုချစ်လွန်းလို့မင်းရဲ့ဆုံးဖြတ်ချက်တွေ ယုံကြည်ချက်တွေကို မပျက်ဆီးစေချင်လို့ပါ။
#လူတွေဟာ မင်းဘယ်နှစ်ကြိမ်ကျရှုံးခဲ့လဲ ဂရုစိုက်မှာ မဟုတ်ဘူး။ မင်းဘယ်နှစ်ကြိမ်အောင်မြင်ဖူးတယ်ဆိုတာကိုပဲ ဝေဖန်ကျမှာလေ။
#မင်းရဲ့ဆုံးဖြတ်ချက်တွေမှားလား မှန်လား တစ်ကြိမ်လောက်တော့ မင်းကိုယ်တိုင် သိစေချင်လို့ မင်းကိုငါ မတားခဲ့တာပါ။
#အကျိုးအမြတ် မျှော်လင့်ချက်အတွက်မဟုတ်ပဲ အရာရာကို အကောင်းဆုံးသာကြိုးစားသွားပါ အောင်မြင်မှုဆိုတာ မင်းနောက်ကအလိုလိုပါလာလိမ့်မယ်။
#လူတိုင်းကမွေးဖွားပြီးကတည်းက ဘ၀ကိုမျက်ရည်နဲ့စခဲ့တာဆိုရင် အဆင်မပြေ အလိုမကျ ရှုံးနိမ့်တိုင်းသာမျက်ရည်ကျနေရင် ထပ်ရှုံးနေရလိမ့်မယ်။
#လဲရင်ပြန်ထ ဒါဘ၀ပဲ ။
#ဘယ်တော့မှ အားမလျော့နဲ့ မင်းလိုသလောက်မရပေမယ့် လုပ်သလောက်တော့ရမှာပါ။ ကံကြမ္မာဆိုတာကလဲ တစ်ကြိမ်တစ်ခါတော့ အလှည့်ပေးမှာပါ။ မင်းသာ ကြိုးစားနေပါ။
#မင်းကိုချစ်တယ်
ငါနှုတ်မဆက်တော့ဘူးနော်
ဘာလို့လဲသိလား
ငါမင်းအနားမှာ အမြဲတမ်း ရှိနေမှာလေ
နှုတ်ဆက်ရအောင် အဝေးကိုထွက်သွားမှာမှ မဟုတ်တာ။
အမှတ်တရဆိုတာ တိုက်ဆိုင်တိုင်းအမှတ်ရနေဖို့ပါ ငါတို့နှစ်ယောက်အတွက် စက္ကန့်တိုင်း နေရာတိုင်းမှာ အမှတ်တရဆိုတာရှိတယ်လေ။
#ငါမင်းကို စက္ကန့်တိုင်းအမှတ်ရနေမယ်
@@@@@@@@@@@@@@@@@
ထာဝရချစ်ခြင်းများဖြင့်
ကိုသူ
ကဗျာ၏ရသဖြင့် စိတ်နှလုံးသားအား ပျော်ရွှင်ကြည်နူးဖွယ် ခံစားမှုလေးများ အားဖြည့်ပေးစွမ်းနိုင်အောင် ကြိုးစားလျက်
No comments:
Post a Comment